ကောင်းကြီးသင်္ခါ ကုမ္ပဏီမှ ကြိုဆိုပါတယ်။
ကောင်းကြီးသင်္ခါ ကုမ္ပဏီကို ဇွန်လ ၈ ရက် ၂၀၁၆ နေ့တွင် မန်းနေးဂျင်းဒါရိုက်တာ ဦးထွန်းလင်းမှ ဦးဆောင်ပြီး အစိုးရစီမံကိန်းများကို အဓိကထားဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့ပါသည်။ ၂၀၁၉ တွင် ကောင်းကြီးသင်္ခါ ကုမ္ပဏီက စိုက်ပျိုးရေးကဏ္ဍလုပ်ငန်းများတွင် ဆောင်ရွက်ရန် တိုးချဲ့ခဲ့ပြီး ပြည်တွင်းလယ်သမားများအတွက် လိုအပ်သော လယ်ယာသုံးထွန်စက်နှင့် အခြောက်ခံစက်များ တင်သွင်းရောင်းချခဲ့ပါသည်။ မြန်မာကျေးလက်ဒေသများတွင် ယခုအခါ တိုးတက်မှုများစွာဖြစ်ပေါ်နေပြီး အထူးသဖြင့် စက်မှုလယ်ယာကဏ္ဍသည် တိုးတက်ပြောင်းလဲမှုအများဆုံး ဖြစ်နေပါသည်။ လယ်ယာသုံးထွန်စက်များသည် တောင်သူလယ်သမားဦးကြီးများ နေ့စဉ်လုပ်ငန်းခွင်တွင် မရှိမဖြစ် အရေးပါနေပြီး ထွန်စက်များလိုအပ်ချက်သည် မြန်မာပြည်တွင် နှစ်စဉ်မြင့်တက်လျှက် ရှိပါသည်။